မူလစာမျက်နှာ

Showing posts with label ကျန်းမာရေး. Show all posts
Showing posts with label ကျန်းမာရေး. Show all posts

Wednesday, April 4, 2012

ပန်းသီးတစ်လုံးစားရင်

တစ်နေ့ ကို ပန်းသီးတစ်လုံးစားရင် ဆရာဝန်နဲ့ ဝေးဝေးမှာနေနိုင်တယ်ဆိုတဲ့ ဆိုရိုးစကားတစ်ခုရှိပါတယ်။ ပန်းသီးစားရင်အမြဲတမ်းကျန်းမာနေမယ်ဆိုတာ အတိအကျမသိသေးပေမယ့် ပန်းသီးကိုတနေ့တလုံး စားပေးရင် အောက်ပါအကျိုးကျေးဇူးသုံးရပ်ကိုရရှိနိုင်တယ်ဆိုတာကိုတော့ သုတေသီတွေက လေ့လာတွေ့ ရှိထားပါတယ်.။

၁။ အယ်လ်ဇိုင်းမားရောဂါအန္တရာယ်ကင်းဝေးစေတယ်။
ပန်းသီးမှာပါဝင်တဲ့  အစွမ်းထက်အင်တီအောက်ဆီးဒင့် ကွာစီတင်ဟာ ဦးနှောက်ဆဲလ်တွေ    မပျက်စီးအောင်ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။ ပန်းသီးခွံထဲမှာရောဂါကာကွယ်ပေးတဲ့ ဒြပ်ပေါင်းတွေအများအပြားပါဝင်တာကြောင့် ပန်းသီးစားရင် အခွံပါစားဖို့ ကော်နဲလ်တက္ကသိုလ် သုတေသနပညာရှင်ချန်လီက ဆိုပါတယ်။။

၂။ အူမကြီးကင်ဆာမဖြစ်အောင်ကာကွယ်ပေးတယ်။ ပန်းသီးမှာပါဝင်တဲ့ သဘာဝအမျှင်ဓာတ်ဟာ အူမကြီးမှာကင်ဆာဆဲလ်ဖြစ်ပေါ်ခြင်းကို တိုက်ခိုက်ပေးတဲ့ ဓာတ်ပစ္စည်းထုတ်ပေးကြောင်း ဂျာမနီသုတေသနအသစ်တစ်ခုကဆိုပါတယ်။

၃။သွေးတိုးခြင်းမှ ကာကွယ်ပေးတယ်။ အရွယ်ရောက်လူကြီးတွေအနက် ပန်းသီးစားသူတွေဟာ ပန်းသီးမစားသူတွေနဲ့ ယှဉ်ရင် သွေးတိုးရောဂါဖြစ်နိုင်ခြေကို ၃၇%လျော့ကျစေကြောင်း လတ်တလော အစားအစာဆန်းစစ်လေ့လာမှု အရ သိရပါတယ်။။

ကျန်းမာပျော်ရွှင်ကြပါစေ။။