မူလစာမျက်နှာ

Showing posts with label ဟာသ. Show all posts
Showing posts with label ဟာသ. Show all posts

Friday, February 10, 2012

ဘုရင်ကြီးနဲသမီးတော်


တခါတုန်းက ဘုရင်ကြီးတစ်ပါးရှိသတဲ့

Kind and the Princess (Story)


ဘုရင်ကြီးမှာ ချောမောလှပတဲ့ သမီးတော်လေး တစ်ပါးရှိတယ်...

Kind and the Princess (Story)

Kind and the Princess (Story)
 
ဒါပေမယ့် ပြဿနာက

Kind and the Princess (Story)


င်းသမီးလေး ဘာပဲထိထိ ထိသမျှအရာတိုင်းက အရည်ပျော်သွားတယ်

သတ္တုပဲဖြစ်ဖြစ် သစ်သားပဲဖြစ်ဖြစ် ပလတ်စတစ်ပဲဖြစ်ဖြစ် မင်းသမီးလေး လက်နဲ့ထိလိုက်တာနဲ့

အရည်ပျော်သွားတော့တာပဲ...

အဲဒါကြောင့် သူမကို ဘယ်သူမှ လက်မထပ်ရဲ ကြတော့ဘူး.. ယောက်ျားအားလုံးက ကြောက်နေကြပြီလေ..

ဘုရင်ကြီးကလဲ စိတ်ပျက်တာပေါ့..

သူ့သမီးတော်လေးအတွက် ဘာလုပ်ပေးရမလဲ...

စုန်းဆရာကြီးတွေ မှော်ဆရာကြီးတွေနဲ့ တိုင်ပင်တယ်...

မှော်ဆရာကြီးတစ်ယောက်က ဘုရင်ကြီးကိုပြောတယ်...

“မှန်လှပါ.. ဘုရာ့သမီးတော် ထိလိုက်တဲ့ အရာတစ်ခုဟာ လက်ထဲမှာ အရည်ပျော်မသွားခဲ့ဘူးဆိုရင်

သမီးတော်လေးရောဂါ ပျောက်ကင်းပါလိမ့်မယ်ဘုရား....”


Kind and the Princess (Story)Kind and the Princess (Story)
ဘုရင်ကြီးလဲ အလွန်ဝမ်းမြောက်တော်မူခဲ့တယ်...

နောက်တစ်နေ့ ဘုရင်ကြီးက ပြိုင်ပွဲတစ်ခု ကျင်းပခဲ့တယ်

သမီးတော်လက်နဲ့ ထိလို့ အရည်မပျော်တဲ့ အရာကို ယူဆောင်လာနိုင်သော အဘယ်ယောက်ျားမဆို

သမီးတော်နဲ့ လက်ဆက်ပြီး ဘုရင်ပိုင်ဆိုင်သမျှ စည်းစိမ်အားလုံးနှင့်တကွ ထီးမွေ နန်းမွေ ပါ ပေးမယ်ဆိုပြီး

ကြေငြာလိုက်တယ်...

မင်းသားငယ်လေးသုံးပါးဟာ ဘုရင်ကြီးရဲ့ စိန်ခေါ်မှုကို လက်ခံခဲ့တယ်...

ပထမ မင်းသားလေးက အလွန်တရာမာကျောတဲ့ တိုက်တေနီယမ် အလွိုင်း ကို ယူဆောင်လာခဲ့တယ်...

ဒါပေမယ့် အချည်းနှီးပါပဲ...

မင်းသမီးလေးထိလိုက်တာနဲ့ အရည်ပျော်သွားခဲ့တယ်...

မင်းသားလေးလည်း ၀မ်းနည်းစွာနဲ့ ထွက်ခွာလာခဲ့တယ်...


Kind and the Princess (Story)
ဒုတိယ မင်းသားလေးကတော့ ကြီးမားလှတဲ့ စိန်ကြီးကို ယူဆောင်လာခဲ့တယ်..

စိန်ဆိုတာ ကမ္ဘာပေါ်မှာ အမာကျောဆုံး အရာဝတ္ထုဆိုတော့ အရည်မပျော်လောက်ဘူးလို့ သေချာပေါက် တွေးထားတာကိုး..

ဒါပေမယ့် သူလဲ အချည်းနှီးပါပဲ...

မင်းသားလေးလည်း စိတ်ပျက်လက်ပျက်နဲ့ ပြန်လာခဲ့ရတယ်...

တတိယ မင်းသားလေးအလှည့်ရောက်တော့ မင်းသားလေးက..

“ အရှင့်သမီးတော်.. ကျွန်တော်မျိုး အိတ်ထဲ လက်ထည့်ပြီး အထဲမှာ ဘာရှိမလဲ ခံစားကြည့်ပါ”

မင်းသမီးလေးလည်း တတိယ မင်းသားလေးပြောတဲ့အတိုင်း လုပ်ခဲ့တယ်..

မာကျောတဲ့အရာ အရာတစ်ခုကို သူမ ခံစားမိတယ်.. လက်ထဲဆုပ်ကိုင်ကြည့်လိုက်တော့..

အဲဒါက အရည်ပျော်မသွားခဲ့ဘူး....