မူလစာမျက်နှာ

Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts

Tuesday, July 3, 2012

ကြိုး

ကြိုးဆိုတဲ့ သဘောက
ရစ်ပတ်တတ်တယ်၊
ချည်နှောင်တတ်တယ်
ခိုင်မြဲတတ်တယ်၊
တင်းကျပ်၊ နှောင်ဖွဲ့တတ်တဲ့
သဘောတွေပါတယ်။

လောကမှာ
ရုပ်ပိုင်းဆိုင်ရာမြင်ရတဲ့ ကြိုး နဲ့
မမြင်ရတဲ့ ကြိုးတွေဆိုတာရှိပါတယ်။

မြင်ရတဲ့ ကြိုးတွေဆိုတာကတော့
ရာသီဥတုဒဏ်၊ တစ်စုံတစ်ဦးကြောင့်
အကြောင်းတစ်စုံတရာကြောင့်
ပျက်စီး၊ ပြေလျော့သွားနိုင်ပါသေးတယ်။

မမြင်ရတဲ့ သံယောဇဉ်နှောင်ဖွဲ့မှုကြိုး
သားပေါ်ချည်တဲ့ကြိုး၊
သမီးပေါ်ချည်တဲ့ကြိုး
ခင်ပွန်းပေါ်ချည်တဲ့ကြိုး၊
ဇနီးမယားပေါ်ချည်တဲ့ကြိုး
ဆွေမျိုးတွေကိုချည်တဲ့ကြိုး
မိသားစုပေါ်ချည်တဲ့ကြိုး၊
ပစ္စည်းပေါ်ချည်တဲ့ ကြိုး၊
ဂုဏ်ပေါ်ချည်တဲ့ကြိုး၊
ငါပေါ်ချည်တဲ့ ကြိုး၊
ချည်မိချည်ရာ ချည်ထားမိတဲ့ကြိုးတွေကတော့
ကိုယ်ချည်ထားတဲ့ ကြိုး ကိုယ်မဖြည်သရွှေ့
ဘယ်တော့ပြေလျော့နိုင်မှာလည်း…..
ဘယ်တော့များမှ ပျက်စီးနိုင်မှာလည်းလေ….

ချည်ထားတဲ့ ကြိုးကြီးရင် ကြီးသလောက်
ပူလောင်ရမှာဘဲ၊ သောကရောက်ရမှာဘဲ၊
စိုးရိမ်ရမှာဘဲ၊ ပူဆွေးရမှာဘဲ၊ မျက်ရည်ပေါက်
ကြီးငယ်ကျမှာဘဲ၊ ၀မ်းနည်းရမှာဘဲမဟုတ်လား....

ကိုယ်ကြိုးကိုယ် ချည်ထားသမို့
ကိုယ့်ကြိုးကိုယ် ဖြည်နိုင်ကြပါစေ…

ကိုမောင်မောင် (ဗုဒ္ဓဟောကြားမြတ်တရား) မှကူးယူဖော်ပြပါသည်။

လောကဓံ

လူတစ်ခု ပူမှုရယ်တဲ့ ဆယ်ကုဋေတဲ့
လောကရဲ့ ဥပမာတစ်ခုပါ။

လောကကြီးထဲ အသက်ရှင်နေထေိုင်နေရရင်
တစ်ခါတစ်ခါ ပူလောင်မှု့ ဒဏ်တွေရှိနေမယ်။
တစ်ခါတစ်ခါ အေးမြမှုလေး တွေရှိနေမယ်။

ပူလောင်မှု့ ဒဏ်တွေကို ခံစားရတဲ့ အခါ
ဆင်းရဲနေတတ်တာလူတိုင်းသိကြတယ်။
ဒါကိုအဓိပ္ပါယ်ဖွင့်ရင် အဆိုးလောကဓံတဲ့...

အေးမြမှု့လေးတွေကို ခံစားရတဲ့ အခါ
ချမ်းသာနေတတ်တာလည်း လူတိုင်းသိကြတယ်။
ဒါကိုအဓိပ္ပါယ်ဖွင့်ရင် အကောင်းလောကဓံတဲ့...

လောကကြီးနဲ့ ဆက်ဆံနေတဲ့အခိုက်အတန့်မှာ
လောကရဲ့ဒဏ်ရာ၊ ဒဏ်ချက်တွေကို ငြင်းဆန်ဖို့
အခွင့်အရေး မရှိပါဘူး....

အဆိုးလောကဓံနဲ့ ကြုံကြုံ၊
အကောင်းလောကဓံနဲ့ တွေ့တွေ့
ဒါကိုခံစားတဲ့ ဝေဒနာတွေဟာ
ကြာရှည် မြဲမြံမှု့မရှိဘူးဆိုတာ
သတိထားပါများရင်သိလာမယ်.....

ဒါဆို အဆိုးလာလည်း သတိနဲ့
အကောင်းလာလည်း သတိနဲ့
ရင်ဆိုင်တတ်လာမယ်....

သတိနဲ့ရင်ဆိုင်တတ်လာတော့
ကောင်းကောင်း၊ ဆိုးဆိုး...
သဘောတရား၊ တရားသဘောအတိုင်း
လက်ခံနိုင်လာမယ်လေ....

ကိုမောင်မောင် (ဗုဒ္ဓဟောကြား မြတ်တရား) မှ ကူးယူဖော်ပြပါသည်။

Wednesday, April 4, 2012

ပျော်ရွှင်စေတဲ့အချစ်

အလုပ်များတဲ့ မနက်ခင်းတစ်ခု (၈)နာရီခွဲအချိန်လောက်မှာ အသက်(၈ဝ)ကျော် အဘိုးအိုတစ်ဦး ဆေးရုံကို အလောတကြီး ရောက်လာခဲ့တယ်။
အဘိုးအိုဟာ ချုပ်ရိုးဖြည်ဖို့ ရောက်လာတာဖြစ်တယ်။ ဆရာဝန်ခွဲခန်းဝင်နေလို့ အဘိုးအိုဟာ ဆရာဝန်ကို ထိုင်စောင့်ရင်း နာရီတကြည့်ကြည့် ဖြစ်နေခဲ့တယ်။
အဘိုးအိုအလျင်စလို ဖြစ်နေတာကိုကြည့်ပြီး ကျွန်မလည်း အလုပ်သိပ်မများတာနဲ့ အဘိုးအိုကိုချုပ်ရိုးဖြည်ပေးဖို့ ခေါ်လိုက်တယ်။
အနာပေါ်က ပတ်တီးကို တစ်ထပ်ချင်းဖြည်ချနေချိန် အဘိုးအိုကို ကျွန်မ မေးလိုက်မိတယ်။

"အဘိုး... အဘိုးကြည့်ရတာ အလျင်လိုနေတယ်။ ဘာဖြစ်လို့လဲ?"

"ဟုတ်တယ် သမီး... ၉နာရီမှာ အဘိုးလူတစ်ယောက်နဲ့ ချိန်းထားလို့ပါ"

အလုပ်လုပ်စရာမလိုတဲ့ အသက်(၈ဝ)ကျော် အဘိုးအိုတစ်ဦးဟာ ဘာအတွက်နဲ့ အလျင်လိုနေသလဲလို့
ကျွန်မ သိလိုစိတ်နဲ့မေးတော့ အဘိုးအိုက "ဟုတ်တယ်....မနက်(၉)နာရီမှာ လူအိုရုံအရောက်သွားပြီး အဘွားအိုနဲ့ မနက်စာအတူစားမလို့ပါ"

"အော်... အဘွားက လူအိုရုံရောက်နေတာလား?"

"သက်ကြီးရောဂါဖြစ်လို့ လူအိုရုံရောက်နေတာ တော်တော်ကြာသွားပါပြီ"

ကြိုးဖြည်ရင်း ကျွန်မနာရီကိုကြည့်လိုက်တယ် "အဘိုး နောက်ကျလိမ့်မယ် ထင်တယ်။ အဘွားစိတ်ပူမှာ စိုးရိမ်လား?"

"ရပါတယ်.... အဘိုးကို သူမမှတ်မိတာ ၅နှစ်လောက်ရှိပြီ။ အဘိုးရောက်တယ် မရောက်ဘူးဆိုတာ သူသိတောင် မသိတော့ဘူး"

"အဘိုးကို သူ မမှတ်မိတာ ငါးနှစ်လောက်ရှိပြီ! ဒါနဲ့များ အဘိုးက မနက်တိုင်း သွားသေးတယ်နော်"

ကျွန်မ တအံတသြမေးတော့ အဘိုးအိုက ကျွန်မရဲ့လက်ကိုပုတ်ပြီး အပြုံးနဲ့ဖြေတယ်။

"အဘိုးကို သူ မသိပေမယ့် သူ့ကို အဘိုးသိတယ်လေ.. ဒါဆို လုံလောက်ပြီပေါ့"

ချုပ်ရိုးဖြည်ပြီး တဖြည်းဖြည်း လှည့်ထွက်သွားတဲ့ အဘိုးအိုရဲ့နောက်ကျောပုံရိပ်ကို ကြည့်ရင်း ကျွန်မ မျက်ရည်ဝဲမိတယ်။ ဒါကပဲ ကျွန်မလိုချင်တဲ့ အချစ်ဖြစ်မယ်ထင်ပါတယ်။

တကယ့်အချစ်ဆိုတာ ခန္ဓာတင်မက ရိုမန်တစ်ဆန်တဲ့ အပြောအဆိုတင် မကပါဘူး။

တကယ့်အချစ်ဆိုတာ လက်ခံတာဖြစ်တယ်။ အရင်က သူ့ကိုလက်ခံတယ်။

အခုလည်း သူ့ကိုလက်ခံတယ်။ နောင်လည်း သူ့ကို လက်ခံတာဖြစ်တယ်။

အရင်က သူဘာပဲဖြစ်ဖြစ် လက်ခံခဲ့တယ်။

အခုလည်း သူဘာပဲဖြစ်ဖြစ် လက်ခံတယ်။

နောင်လည်း သူဘာပဲဖြစ်နေဖြစ်နေ လက်ခံတယ်။

ဒါဟာ တကယ့်အချစ်ဖြစ်တယ်။ ပျော်ရွှင်တဲ့အချစ်ဖြစ်တယ်။ ပျော်ရွှင်တဲ့လူဟာ အကောင်းချည်းပဲ လိုခဲ့တာ မဟုတ်ပါဘူး.....


စာဖတ်သူအားလုံးလည်း ထိုအဘိုးလိုမျိုးအချစ်ကို ပေးနိုင်တဲ့ သူနဲ့ တွေ့ ကြပါစေ။


                                                                                                ပျော်ရွှင်ချမ်းမြေ့ပါစေ
                                                                                                       MTLP (4.4.2012)

Friday, February 10, 2012

ပျော်ရွှင်စေသော အချစ်

အလုပ်များတဲ့ မနက်ခင်းတစ်ခု (၈)နာရီခွဲအချိန်လောက်မှာ အသက်(၈ဝ)ကျော် အဘိုးအိုတစ်ဦး ဆေးရုံကို အလောတကြီး ရောက်လာခဲ့တယ်။
အဘိုးအိုဟာ ချုပ်ရိုးဖြည်ဖို့ ရောက်လာတာဖြစ်တယ်။ ဆရာဝန်ခွဲခန်းဝင်နေလို့ အဘိုးအိုဟာ ဆရာဝန်ကို ထိုင်စောင့်ရင်း နာရီတကြည့်ကြည့် ဖြစ်နေခဲ့တယ်။
အဘိုးအိုအလျင်စလို ဖြစ်နေတာကိုကြည့်ပြီး ကျွန်မလည်း အလုပ်သိပ်မများတာနဲ့ အဘိုးအိုကိုချုပ်ရိုးဖြည်ပေးဖို့ ခေါ်လိုက်တယ်။
အနာပေါ်က ပတ်တီးကို တစ်ထပ်ချင်းဖြည်ချနေချိန် အဘိုးအိုကို ကျွန်မ မေးလိုက်မိတယ်။

"အဘိုး... အဘိုးကြည့်ရတာ အလျင်လိုနေတယ်။ ဘာဖြစ်လို့လဲ?"

"ဟုတ်တယ် သမီး... ၉နာရီမှာ အဘိုးလူတစ်ယောက်နဲ့ ချိန်းထားလို့ပါ"

အလုပ်လုပ်စရာမလိုတဲ့ အသက်(၈ဝ)ကျော် အဘိုးအိုတစ်ဦးဟာ ဘာအတွက်နဲ့ အလျင်လိုနေသလဲလို့
ကျွန်မ သိလိုစိတ်နဲ့မေးတော့ အဘိုးအိုက "ဟုတ်တယ်....မနက်(၉)နာရီမှာ လူအိုရုံအရောက်သွားပြီး အဘွားအိုနဲ့ မနက်စာအတူစားမလို့ပါ"

Thursday, February 9, 2012

ပျော်ရွှင်စွာပြုံးနေတဲ့ ပန်းသီးပင်ကြီး

တစ်ခါတုန်းက ဥယျာဉ်ထဲမှာ ပန်းသီးပင်ကြီးတစ်ပင်ရှိခဲ့ဖူးတယ် ။
ကောင်လေးတစ်ယောက်ဟာလည်း အဲဒီဥယျာဉ်ထဲက ပန်းသီးပင်ကြီးနားမှာ လာရောက်ဆော့ကစားလေ့ရှိတယ် ။

နေ့တိုင်းဆိုသလို .. အချိုဆုံးအရင့်မှည့်ဆုံးပန်းသီးတွေကိုခူးဆွတ်ပြီး ၊
အပင်ရိပ်အောက်မှာ အေးအေးဆေးဆေးထိုင်စားရတာကို ကောင်လေးက အရမ်းနှစ်သက်ခဲ့တယ်။

ပန်းသီးပင်ကြီးကို ကောင်လေးချစ်ခင်မြတ်နိုးသလိုပဲ ...
ပန်းသီးပင်ကြီးကလည်း ကောင်လေးကို ချစ်ခင်မြတ်နိုးခဲ့တယ် ။

ဒီလိုနဲ့ .... အချိန်တွေခပ်မြန်မြန်ကုန်သွားတယ် ။
ကောင်လေးအရွယ်ရောက်လာခဲ့ပြီ ။
အရင်လို ... ပန်းသီးပင်ကြီးဆီကို နေ့တိုင်းမလာဖြစ်နိုင်တော့ဘူး ။

တစ်နေ့မှာတော့... ... ပန်းသီးပင်အရိပ်အောက်ကို ကောင်လေးရောက်လာပြီး
ကြေကွဲတဲ့မျက်ဝန်းတွေနဲ့ အဝေးကို ငေးမျှော်နေတယ် ။

“ ငါနဲ့ကစားကြမယ်လေ .... ” ပန်းသီးပင်ကြီးက ကောင်လေးကိုဖိတ်ခေါ်တယ် ။
“ ကစားချင်စိတ်လည်း မရှိပါဘူးဗျာ။ အပင်တွေနဲ့ကစားရအောင် ကျနော်က ကလေးမှမဟုတ်တော့တာ။  ”
“ ကျနော် အရုပ်တွေနဲ့ပဲဆော့ချင်တာ ..... ။ 
  ဒါပေမဲ့ အရုပ်ဝယ်ဖို့က .. ပိုက်ဆံလိုတယ်လေ ။”

“ စိတ်မကောင်းပါဘူးကွယ် ။ ငါ့မှာ ပိုက်ဆံတော့မရှိဘူး ။
  ဒါပေမဲ့ ငါ့ဆီကအသီးတွေခူးပြီး ဈေးထဲမှာသွားရောင်းရင် မင်းပိုက်ဆံရမှာပေါ့ ။ "

ကောင်လေးအရမ်းစိတ်လှုပ်ရှားသွားတယ် ။ သိပ်စဉ်းစားမနေတော့ပါဘူး ။အပင်ပေါ် လျင်လျင်မြန်မြန်တက်ပြီး
ရှိသမျှအသီးတွေခူးဆွတ်လို့....ခပ်မြန်မြန်ပဲ ပျော်ရွှင်စွာထွက်ခွာသွားတယ် ။

အသီးတွေကုန်စင်အောင် ခူးပြီးကတည်းက ကောင်လေးလည်း ကာလအတန်ကြာပျောက်ကွယ်သွားခဲ့တယ် ။

ပန်းသီးပင်ကြီးလည်း အဖော်မဲ့နေ့ရက်တွေကို ခါးခါးသီးသီးဖြတ်သန်းရတယ် ။

တစ်နေ့ ... ဟိုးအဝေးဆီက တရွေ့ရွေ့နဲ့လာနေတဲ့ကောင်လေးကို တွေ့လိုက်ရတော့
ပန်းသီးပင်ကြီး အရမ်းပျော်ရွှင်သွားတယ် ။

“ ငါနဲ့ကစားမလို့လား ? ” ခပ်တိုးတိုမေးတယ် ။
ကောင်လေးက ပြန်ဖြေတယ် ။ “ ကစားဖို့ အချိန်မရှိပါဘူးဗျာ .. ။ 
အခုဆို ကျနော့်ကိုယ်ပိုင်မိသားစုအတွက် အလုပ်လုပ်နေရပြီ ။
ဒီနှစ်မိုးရာသီမှာ ကျနော့်ဇနီးနဲ့သားသမီးတွေနေဖို့အတွက် အိမ်တစ်လုံးလိုတယ်လေ ။
ခင်ဗျားကျနော့်ကို ကူညီနိုင်ဦးမလားဗျာ ”

“ စိတ်မကောင်းပါဘူး ကလေးရယ် ၊ ငါ့မှာအိမ်မှမရှိတာ ... ။
ဒါပေမဲ့ မင်းအတွက်တကယ်လိုအပ်ရင်တော့ .. ငါ့အကိုင်းအခက်အလက်တွေကိုခုတ်သွားလေ ။
မင်းတို့တစ်မိသားစု နေစရာအိမ်လောက်တော့ ဆောက်လို့ရမှာပေါ့ ။ ”

ထုံးစံအတိုင်းပဲပေါ့ ...... ။
ကောင်လေးက သစ်ပင်မှာရှိသမျှအကိုင်းအခက်တွေအားလုံးခုတ်ယူပြီး ပျော်ရွှင်စွာထွက်ခွာသွားပြန်တယ် ။
ကောင်လေးပျော်တာကို မြင်ရတော့ သစ်ပင်ကြီးလည်း စိတ်ချမ်းသာမိတယ် ။
ဒါပေမဲ့ .... အဲဒီအချိန်ကစလို့..ကာလအတန်ကြာအောင် ကောင်လေး ထပ်မံပျောက်ကွယ် သွားပြန်တော့တယ် ။

တစ်ခါတစ်ခါ လေတွေတိုက်တယ် ။ တစ်ခါတစ်ခါ မိုးက သည်းသည်းမည်းမည်းရွာတယ် ။
ရာသီဥတုဒဏ်တွေကြားမှာ သစ်ပင်ကြီးကတော့ အထီးကျန်စွာပဲနေ့ရက်တွေကိုဆက်လက်ဖြတ်သန်းတယ်။
နွေရာသီတစ်ရက် အိပ်ရာအနိုးမှာ ... သူ့ပင်စည်အောက် ကောင်လေးပြန်ရောက်နေတာမြင်ရတော့
သစ်ပင်ကြီး အရမ်းဝမ်းသာသွားတယ် ။

“ ငါနဲ့ကစားမယ်လေ ”
“ ကစားချင်စိတ်မရှိပါဘူးဗျာ ။
ကျနော်အခုဆို လောကဓံရဲ့အရိုက်အပုတ်တွေ ၊ ထိုးနှက်ချက်တွေကြောင့် အရမ်းပင်ပန်းနေပြီ ။
စိတ်ရောကိုယ်ပါ အပန်းပြေနိုင်ဖို့အတွက် ပင်လယ်ထဲကို ရွက်လွှင့်ပြီးလျှောက်သွားချင်တယ် ။
ခင်ဗျား ကျနော့်ကို လှေတစ်စင်းလောက်ပေးနိုင်ဦးမလားဗျာ ။ ”

“ ငါ့ရဲ့ပင်စည်ကိုခုတ်ပြီး လှေတစ်စင်းလုပ်လိုက်လေ ။
ဒါဆို ဟိုးအဝေးကြီးအထိ ပျော်ရွှင်စွာ ခရီးထွက်နိုင်မယ်လို့ မျှော်လင့်ပါတယ် ။ ”

ဒီလိုနဲ့ပဲ .. ကောင်လေးဟာ သစ်ပင်ကြီးကို စတင်ခုတ်လှဲပြီး လှေတစ်စင်းဖြစ်အောင်တည်ဆောက်ခဲ့တယ် ။
နောက်တော့ အဲဒီလှေနဲ့ပဲ ပင်လယ်ပြင်ထဲကိုရွက်လွှင့်ထွက်ခွာသွားတော့တယ် ။

နှစ်တွေအများကြီး...အများကြီး ကြာပြီးတဲ့အခါမှာတော့.....
သစ်ပင်ကြီးဆီကို ကောင်လေး တစ်ခေါက်ရောက်လာပြန်တယ် ။

ကျန်ရှိနေတဲ့ သက်တမ်းကို ဘယ်လိုနေမလဲ

တစ်ခါတုန်းက ဂျပန်ဘုန်းကြီးတစ်ပါးဟာ နန်းဆောင်ထဲကို ၀င်လာခဲ့ပါတယ်။
သူဝင်လာချိန်မှာ အစောင့်တွေက မတားဆီးလိုက်နိုင်ပါဘူး။
ဒီတော့ ဘုရင်ကြီးဆီကို တန်းရောက်သွားပါတယ်။ ဘုရင်ကြီးကလည်း ဂျပန်ဘုန်းကြီးကို
တွေ့ လိုက်ရတော့ ချက်ချင်းပဲ မေးလိုက်ပါတယ်။

“အရှင်ဘုရား... ဘာများအလိုရှိပါသလဲ ဘုရား”

“ငါအိပ်ဖို့ အခန်းကောင်းကောင်းတစ်ခု အလိုရှိတယ်”

“အို...အရှင်ဘုရား နေရာမှားလာပြီ။ ဒါ တည်းခိုခန်းမဟုတ်ဘူး။ နန်းတော်ဘုရား။”

“နေပါအုံး။ မေးပါအုံးမယ်။ မင်းပြောတဲ့ ဒီနန်းတော်မှာ မင်း အရင် ဘယ်သူနေသွားသလဲ”

“တပည့်တော်အရင် တပည့်တော် အဖေ နေသွားပါတယ်။ အခု တပည့်တော် အဖေ မရှိတော့ပါဘူး။”

“မင်းအဖေ အရင်ကော ဘယ်သူနေသွားသလဲ”