မူလစာမျက်နှာ

Friday, February 10, 2012

ပျော်ရွှင်စေသော အချစ်

အလုပ်များတဲ့ မနက်ခင်းတစ်ခု (၈)နာရီခွဲအချိန်လောက်မှာ အသက်(၈ဝ)ကျော် အဘိုးအိုတစ်ဦး ဆေးရုံကို အလောတကြီး ရောက်လာခဲ့တယ်။
အဘိုးအိုဟာ ချုပ်ရိုးဖြည်ဖို့ ရောက်လာတာဖြစ်တယ်။ ဆရာဝန်ခွဲခန်းဝင်နေလို့ အဘိုးအိုဟာ ဆရာဝန်ကို ထိုင်စောင့်ရင်း နာရီတကြည့်ကြည့် ဖြစ်နေခဲ့တယ်။
အဘိုးအိုအလျင်စလို ဖြစ်နေတာကိုကြည့်ပြီး ကျွန်မလည်း အလုပ်သိပ်မများတာနဲ့ အဘိုးအိုကိုချုပ်ရိုးဖြည်ပေးဖို့ ခေါ်လိုက်တယ်။
အနာပေါ်က ပတ်တီးကို တစ်ထပ်ချင်းဖြည်ချနေချိန် အဘိုးအိုကို ကျွန်မ မေးလိုက်မိတယ်။

"အဘိုး... အဘိုးကြည့်ရတာ အလျင်လိုနေတယ်။ ဘာဖြစ်လို့လဲ?"

"ဟုတ်တယ် သမီး... ၉နာရီမှာ အဘိုးလူတစ်ယောက်နဲ့ ချိန်းထားလို့ပါ"

အလုပ်လုပ်စရာမလိုတဲ့ အသက်(၈ဝ)ကျော် အဘိုးအိုတစ်ဦးဟာ ဘာအတွက်နဲ့ အလျင်လိုနေသလဲလို့
ကျွန်မ သိလိုစိတ်နဲ့မေးတော့ အဘိုးအိုက "ဟုတ်တယ်....မနက်(၉)နာရီမှာ လူအိုရုံအရောက်သွားပြီး အဘွားအိုနဲ့ မနက်စာအတူစားမလို့ပါ"

ဘုရင်ကြီးနဲသမီးတော်


တခါတုန်းက ဘုရင်ကြီးတစ်ပါးရှိသတဲ့

Kind and the Princess (Story)


ဘုရင်ကြီးမှာ ချောမောလှပတဲ့ သမီးတော်လေး တစ်ပါးရှိတယ်...

Kind and the Princess (Story)

Kind and the Princess (Story)
 
ဒါပေမယ့် ပြဿနာက

Kind and the Princess (Story)


င်းသမီးလေး ဘာပဲထိထိ ထိသမျှအရာတိုင်းက အရည်ပျော်သွားတယ်

သတ္တုပဲဖြစ်ဖြစ် သစ်သားပဲဖြစ်ဖြစ် ပလတ်စတစ်ပဲဖြစ်ဖြစ် မင်းသမီးလေး လက်နဲ့ထိလိုက်တာနဲ့

အရည်ပျော်သွားတော့တာပဲ...

အဲဒါကြောင့် သူမကို ဘယ်သူမှ လက်မထပ်ရဲ ကြတော့ဘူး.. ယောက်ျားအားလုံးက ကြောက်နေကြပြီလေ..

ဘုရင်ကြီးကလဲ စိတ်ပျက်တာပေါ့..

သူ့သမီးတော်လေးအတွက် ဘာလုပ်ပေးရမလဲ...

စုန်းဆရာကြီးတွေ မှော်ဆရာကြီးတွေနဲ့ တိုင်ပင်တယ်...

မှော်ဆရာကြီးတစ်ယောက်က ဘုရင်ကြီးကိုပြောတယ်...

“မှန်လှပါ.. ဘုရာ့သမီးတော် ထိလိုက်တဲ့ အရာတစ်ခုဟာ လက်ထဲမှာ အရည်ပျော်မသွားခဲ့ဘူးဆိုရင်

သမီးတော်လေးရောဂါ ပျောက်ကင်းပါလိမ့်မယ်ဘုရား....”


Kind and the Princess (Story)Kind and the Princess (Story)
ဘုရင်ကြီးလဲ အလွန်ဝမ်းမြောက်တော်မူခဲ့တယ်...

နောက်တစ်နေ့ ဘုရင်ကြီးက ပြိုင်ပွဲတစ်ခု ကျင်းပခဲ့တယ်

သမီးတော်လက်နဲ့ ထိလို့ အရည်မပျော်တဲ့ အရာကို ယူဆောင်လာနိုင်သော အဘယ်ယောက်ျားမဆို

သမီးတော်နဲ့ လက်ဆက်ပြီး ဘုရင်ပိုင်ဆိုင်သမျှ စည်းစိမ်အားလုံးနှင့်တကွ ထီးမွေ နန်းမွေ ပါ ပေးမယ်ဆိုပြီး

ကြေငြာလိုက်တယ်...

မင်းသားငယ်လေးသုံးပါးဟာ ဘုရင်ကြီးရဲ့ စိန်ခေါ်မှုကို လက်ခံခဲ့တယ်...

ပထမ မင်းသားလေးက အလွန်တရာမာကျောတဲ့ တိုက်တေနီယမ် အလွိုင်း ကို ယူဆောင်လာခဲ့တယ်...

ဒါပေမယ့် အချည်းနှီးပါပဲ...

မင်းသမီးလေးထိလိုက်တာနဲ့ အရည်ပျော်သွားခဲ့တယ်...

မင်းသားလေးလည်း ၀မ်းနည်းစွာနဲ့ ထွက်ခွာလာခဲ့တယ်...


Kind and the Princess (Story)
ဒုတိယ မင်းသားလေးကတော့ ကြီးမားလှတဲ့ စိန်ကြီးကို ယူဆောင်လာခဲ့တယ်..

စိန်ဆိုတာ ကမ္ဘာပေါ်မှာ အမာကျောဆုံး အရာဝတ္ထုဆိုတော့ အရည်မပျော်လောက်ဘူးလို့ သေချာပေါက် တွေးထားတာကိုး..

ဒါပေမယ့် သူလဲ အချည်းနှီးပါပဲ...

မင်းသားလေးလည်း စိတ်ပျက်လက်ပျက်နဲ့ ပြန်လာခဲ့ရတယ်...

တတိယ မင်းသားလေးအလှည့်ရောက်တော့ မင်းသားလေးက..

“ အရှင့်သမီးတော်.. ကျွန်တော်မျိုး အိတ်ထဲ လက်ထည့်ပြီး အထဲမှာ ဘာရှိမလဲ ခံစားကြည့်ပါ”

မင်းသမီးလေးလည်း တတိယ မင်းသားလေးပြောတဲ့အတိုင်း လုပ်ခဲ့တယ်..

မာကျောတဲ့အရာ အရာတစ်ခုကို သူမ ခံစားမိတယ်.. လက်ထဲဆုပ်ကိုင်ကြည့်လိုက်တော့..

အဲဒါက အရည်ပျော်မသွားခဲ့ဘူး....

Thursday, February 9, 2012

ကျင့်ဖွယ်တရား(၄) ပါး

ရှင်တော်မြတ်ဘုရားဟောကြားတော်မူခဲ့သည့် နိကာယ်ငါးရပ် ပီဋကတ်သုံးပုံကို အကျဉ်းချုပ်လိုက်သော် ကျင့်ဖွယ်ရာတရားလေးပါး နိဓိကဏ္ဍသုတ္တန်လာ ဒါန၊ သီလ၊ သမထ၊ ၀ိပဿနာဟူသော ကုသိုလ်တရားလေးပါးကို ရပါသည်။

မှန်ပါသည်၊ ရှင်တော်မြတ်ဘုရားသည် နိကာယ်ငါးရပ် ပီဋကတ်သုံးပုံ၌ ယင်းလေးမျိုးတို့၏ အကြောင်းကို အနည်းနည်း အဖုံဖုံ အကျဉ်းတစ်မျိုး အကျယ်တဖုံ စုံလင်စွာ တန်ဆာဆင်၍ ဟောကြားခဲ့ပါသည်။


အများမှ အနည်းသို့
 

ယင်း ကုသိုလ် (၄)မျိုးတို့တွင် ဒါနကုသိုလ်သည် ပြုဖို့ရာ အလွယ်ကူ ဆုံးဖြစ်ပါသည်။

မှန်ပါသည်၊ ဒါနကုသိုလ်ကို ကလေးအငယ် လူမမယ်များမှစ၍ ပြုကြပါသည်။ ပြုတက်ကြပါသည်။
အရွယ် အလယ်အလတ်နှင့် ကြီးသူများအဖို့မူ အဘယ်ဆိုဖွယ်ရာ ရှိပါအံ့နည်း။ ပြုတက်ကြသည်ချည်းဖြစ်ပါသည်။ ပြုကြသည်ချည်း ဖြစ်ပါသည်။
ဒါနကုသိုလ်မှ တစ်ဆင့်တက်၍ သီလကုသိုလ်အောက် အတော်များများနည်းပါးသွားပါသည်။
သမထကုသိုလ်မှ တစ်ဆင့်တက်၍ ၀ိပဿနာကုသိုလ်ကို ပွားများသူ ဦးရေကား သမထကုသိုလ်အောက် အတော်များများ နည်းပါသွားပြန်သည်။

မြင့်လေ နည်းလေ


လောကဥပမာနှင့် ပြောရသောမူလတန်းအဆင့် ကျောင်းသူကျောင်းသားဦးရေသည် များပါသည်။

ထို့နောက် အလယ်တန်းအဆင့် ကျောင်းသူကျောင်းသား ဦးရေကား နည်းပါးသွားပါသည်။
ထို့နောက် အထက်တန်းအဆင့်အထိ ကျောင်းသူကျောင်းသား ဦးရေကား နည်းပါးသွားပါသည်။
ထို့နောက် တက္ကသိုလ် ကောလိပ် အဆင့်ဖြစ်သော ကျောင်းသူကျောင်းသား ဦးရေကား နည်းပါးသွားပါသည်။

ယင်းကို ထောက်သော် များတဲ့နေရာတွင် အရည်အချင်းညံ့ဖျင်းသူ ဦးရေများခြင်းကိုတွေ့ရ၍ အဆင့်အဆင့် နည်းသွားသည့်အလျောက် အရည်အချင်းလည်း မြင့်လာတာကိုတွေ့ရပါသည်။


တက္ကသိုလ်အဆင့် ကောလိပ်အဆင့် ရောက်လာသူသည် အောက်အဆင့်များကို ကျော်ခဲ့ပြီဖြစ်၍ အရည်အချင်းပြည့်ပြီး အောက်အဆင့်များကို မူစရာ ရှုစရာ မလိုတော့သလို ကုသိုလ် (၄) မျိုးတို့တွင် ၀ိပဿနာကုသိုလ်အဆင့်အထိ ရောက်ပြီးသူသည်

အောက်ဆင့်ဖြစ်သော ဒါန၊ သီလ၊ သမထမှုတို့ကို မမှုတော့ပါ၊ အလွယ်သာ ပြုနိုင်ပါသည်။

ပျော်ရွှင်စွာပြုံးနေတဲ့ ပန်းသီးပင်ကြီး

တစ်ခါတုန်းက ဥယျာဉ်ထဲမှာ ပန်းသီးပင်ကြီးတစ်ပင်ရှိခဲ့ဖူးတယ် ။
ကောင်လေးတစ်ယောက်ဟာလည်း အဲဒီဥယျာဉ်ထဲက ပန်းသီးပင်ကြီးနားမှာ လာရောက်ဆော့ကစားလေ့ရှိတယ် ။

နေ့တိုင်းဆိုသလို .. အချိုဆုံးအရင့်မှည့်ဆုံးပန်းသီးတွေကိုခူးဆွတ်ပြီး ၊
အပင်ရိပ်အောက်မှာ အေးအေးဆေးဆေးထိုင်စားရတာကို ကောင်လေးက အရမ်းနှစ်သက်ခဲ့တယ်။

ပန်းသီးပင်ကြီးကို ကောင်လေးချစ်ခင်မြတ်နိုးသလိုပဲ ...
ပန်းသီးပင်ကြီးကလည်း ကောင်လေးကို ချစ်ခင်မြတ်နိုးခဲ့တယ် ။

ဒီလိုနဲ့ .... အချိန်တွေခပ်မြန်မြန်ကုန်သွားတယ် ။
ကောင်လေးအရွယ်ရောက်လာခဲ့ပြီ ။
အရင်လို ... ပန်းသီးပင်ကြီးဆီကို နေ့တိုင်းမလာဖြစ်နိုင်တော့ဘူး ။

တစ်နေ့မှာတော့... ... ပန်းသီးပင်အရိပ်အောက်ကို ကောင်လေးရောက်လာပြီး
ကြေကွဲတဲ့မျက်ဝန်းတွေနဲ့ အဝေးကို ငေးမျှော်နေတယ် ။

“ ငါနဲ့ကစားကြမယ်လေ .... ” ပန်းသီးပင်ကြီးက ကောင်လေးကိုဖိတ်ခေါ်တယ် ။
“ ကစားချင်စိတ်လည်း မရှိပါဘူးဗျာ။ အပင်တွေနဲ့ကစားရအောင် ကျနော်က ကလေးမှမဟုတ်တော့တာ။  ”
“ ကျနော် အရုပ်တွေနဲ့ပဲဆော့ချင်တာ ..... ။ 
  ဒါပေမဲ့ အရုပ်ဝယ်ဖို့က .. ပိုက်ဆံလိုတယ်လေ ။”

“ စိတ်မကောင်းပါဘူးကွယ် ။ ငါ့မှာ ပိုက်ဆံတော့မရှိဘူး ။
  ဒါပေမဲ့ ငါ့ဆီကအသီးတွေခူးပြီး ဈေးထဲမှာသွားရောင်းရင် မင်းပိုက်ဆံရမှာပေါ့ ။ "

ကောင်လေးအရမ်းစိတ်လှုပ်ရှားသွားတယ် ။ သိပ်စဉ်းစားမနေတော့ပါဘူး ။အပင်ပေါ် လျင်လျင်မြန်မြန်တက်ပြီး
ရှိသမျှအသီးတွေခူးဆွတ်လို့....ခပ်မြန်မြန်ပဲ ပျော်ရွှင်စွာထွက်ခွာသွားတယ် ။

အသီးတွေကုန်စင်အောင် ခူးပြီးကတည်းက ကောင်လေးလည်း ကာလအတန်ကြာပျောက်ကွယ်သွားခဲ့တယ် ။

ပန်းသီးပင်ကြီးလည်း အဖော်မဲ့နေ့ရက်တွေကို ခါးခါးသီးသီးဖြတ်သန်းရတယ် ။

တစ်နေ့ ... ဟိုးအဝေးဆီက တရွေ့ရွေ့နဲ့လာနေတဲ့ကောင်လေးကို တွေ့လိုက်ရတော့
ပန်းသီးပင်ကြီး အရမ်းပျော်ရွှင်သွားတယ် ။

“ ငါနဲ့ကစားမလို့လား ? ” ခပ်တိုးတိုမေးတယ် ။
ကောင်လေးက ပြန်ဖြေတယ် ။ “ ကစားဖို့ အချိန်မရှိပါဘူးဗျာ .. ။ 
အခုဆို ကျနော့်ကိုယ်ပိုင်မိသားစုအတွက် အလုပ်လုပ်နေရပြီ ။
ဒီနှစ်မိုးရာသီမှာ ကျနော့်ဇနီးနဲ့သားသမီးတွေနေဖို့အတွက် အိမ်တစ်လုံးလိုတယ်လေ ။
ခင်ဗျားကျနော့်ကို ကူညီနိုင်ဦးမလားဗျာ ”

“ စိတ်မကောင်းပါဘူး ကလေးရယ် ၊ ငါ့မှာအိမ်မှမရှိတာ ... ။
ဒါပေမဲ့ မင်းအတွက်တကယ်လိုအပ်ရင်တော့ .. ငါ့အကိုင်းအခက်အလက်တွေကိုခုတ်သွားလေ ။
မင်းတို့တစ်မိသားစု နေစရာအိမ်လောက်တော့ ဆောက်လို့ရမှာပေါ့ ။ ”

ထုံးစံအတိုင်းပဲပေါ့ ...... ။
ကောင်လေးက သစ်ပင်မှာရှိသမျှအကိုင်းအခက်တွေအားလုံးခုတ်ယူပြီး ပျော်ရွှင်စွာထွက်ခွာသွားပြန်တယ် ။
ကောင်လေးပျော်တာကို မြင်ရတော့ သစ်ပင်ကြီးလည်း စိတ်ချမ်းသာမိတယ် ။
ဒါပေမဲ့ .... အဲဒီအချိန်ကစလို့..ကာလအတန်ကြာအောင် ကောင်လေး ထပ်မံပျောက်ကွယ် သွားပြန်တော့တယ် ။

တစ်ခါတစ်ခါ လေတွေတိုက်တယ် ။ တစ်ခါတစ်ခါ မိုးက သည်းသည်းမည်းမည်းရွာတယ် ။
ရာသီဥတုဒဏ်တွေကြားမှာ သစ်ပင်ကြီးကတော့ အထီးကျန်စွာပဲနေ့ရက်တွေကိုဆက်လက်ဖြတ်သန်းတယ်။
နွေရာသီတစ်ရက် အိပ်ရာအနိုးမှာ ... သူ့ပင်စည်အောက် ကောင်လေးပြန်ရောက်နေတာမြင်ရတော့
သစ်ပင်ကြီး အရမ်းဝမ်းသာသွားတယ် ။

“ ငါနဲ့ကစားမယ်လေ ”
“ ကစားချင်စိတ်မရှိပါဘူးဗျာ ။
ကျနော်အခုဆို လောကဓံရဲ့အရိုက်အပုတ်တွေ ၊ ထိုးနှက်ချက်တွေကြောင့် အရမ်းပင်ပန်းနေပြီ ။
စိတ်ရောကိုယ်ပါ အပန်းပြေနိုင်ဖို့အတွက် ပင်လယ်ထဲကို ရွက်လွှင့်ပြီးလျှောက်သွားချင်တယ် ။
ခင်ဗျား ကျနော့်ကို လှေတစ်စင်းလောက်ပေးနိုင်ဦးမလားဗျာ ။ ”

“ ငါ့ရဲ့ပင်စည်ကိုခုတ်ပြီး လှေတစ်စင်းလုပ်လိုက်လေ ။
ဒါဆို ဟိုးအဝေးကြီးအထိ ပျော်ရွှင်စွာ ခရီးထွက်နိုင်မယ်လို့ မျှော်လင့်ပါတယ် ။ ”

ဒီလိုနဲ့ပဲ .. ကောင်လေးဟာ သစ်ပင်ကြီးကို စတင်ခုတ်လှဲပြီး လှေတစ်စင်းဖြစ်အောင်တည်ဆောက်ခဲ့တယ် ။
နောက်တော့ အဲဒီလှေနဲ့ပဲ ပင်လယ်ပြင်ထဲကိုရွက်လွှင့်ထွက်ခွာသွားတော့တယ် ။

နှစ်တွေအများကြီး...အများကြီး ကြာပြီးတဲ့အခါမှာတော့.....
သစ်ပင်ကြီးဆီကို ကောင်လေး တစ်ခေါက်ရောက်လာပြန်တယ် ။

လူသဘောတရားနှင့် စကားပုံများ

လူဖြစ်ကာမျှနှင့် မြတ်နိုးစရာမဟုတ်သေး၊ လူကောင်းဖြစ်ရခြင်းသည်သာလျှင်
မြတ်နိုးစရာအစစ်ဖြစ်သည်။
(ဆိုကရေးတီးစ်)

လူတစ်ဦး၏ ပထမဆုံးဂုဏ်ပုဒ်မှာ မိမိ၏ နှုတ်ကို စောင့်စည်းမှုဖြစ်သည်။
(ကာတို)

နေ့စဉ် မျက်မှောက်၌ ဖြစ်ပျက်နေသော ကိစ္စတို့ကို သိခြင်းသည် လူ၏ အဓိကညာဏ်ပညာ ဖြစ်၏။
(မီလ်တန်)

ကောင်းသောဂုဏ်အချင်းအရာ မရှိပါက လူ၏မွေးဖွားရာဇာတိ မည်မျှကောင်းစေ
ကာမူ အချည်းနှီးသာတည်း။
(မော်လီဟေး)

မျှတမှုသည် လူလူချင်း ဆက်ဆံရာ၌ တိကျမှန်ကန်သော တရားသူကြီးဖြစ်လေသည်။
(ဘာခ်)

ပိုးကောင်သည် အ၀တ်ကိုကိုက်၍ ဖျက်ဆီးသကဲ့သို့၊ မနာလိုဝန်တိုမှုမည်သည် လူတစ်ဦးကို ဖျက်ဆီးတတ်ပေသည်။
(အရစ်ဆိုတပ်)

လူတစ်ယေက်၏ နှုတ်မှထွက်သော စကားတို့၌ အပြစ် လေးမျိုး ရှိသည်။
မမှန်ကန်ခြင်း၊ ပုံပြင်ဆန်ခြင်း၊ ကြမ်းတမ်းရုန့်ရင်းခြင်း နှင့် အကျိုးမဲ့ခြင်းတို့ဖြစ်သည်။
(ဖရန်ကလင်း)

ဒုက္ခရောက်နေသူကို သနားခြင်းသည် လူပီသသည်။ ထိုဒုက္ခမှ လွတ်မြောက် ကူညီပေးသူသည် လူအပီသဆုံးဖြစ်သည်။
(အဲလ်ဖရက်မန်း)

ကျန်ရှိနေတဲ့ သက်တမ်းကို ဘယ်လိုနေမလဲ

တစ်ခါတုန်းက ဂျပန်ဘုန်းကြီးတစ်ပါးဟာ နန်းဆောင်ထဲကို ၀င်လာခဲ့ပါတယ်။
သူဝင်လာချိန်မှာ အစောင့်တွေက မတားဆီးလိုက်နိုင်ပါဘူး။
ဒီတော့ ဘုရင်ကြီးဆီကို တန်းရောက်သွားပါတယ်။ ဘုရင်ကြီးကလည်း ဂျပန်ဘုန်းကြီးကို
တွေ့ လိုက်ရတော့ ချက်ချင်းပဲ မေးလိုက်ပါတယ်။

“အရှင်ဘုရား... ဘာများအလိုရှိပါသလဲ ဘုရား”

“ငါအိပ်ဖို့ အခန်းကောင်းကောင်းတစ်ခု အလိုရှိတယ်”

“အို...အရှင်ဘုရား နေရာမှားလာပြီ။ ဒါ တည်းခိုခန်းမဟုတ်ဘူး။ နန်းတော်ဘုရား။”

“နေပါအုံး။ မေးပါအုံးမယ်။ မင်းပြောတဲ့ ဒီနန်းတော်မှာ မင်း အရင် ဘယ်သူနေသွားသလဲ”

“တပည့်တော်အရင် တပည့်တော် အဖေ နေသွားပါတယ်။ အခု တပည့်တော် အဖေ မရှိတော့ပါဘူး။”

“မင်းအဖေ အရင်ကော ဘယ်သူနေသွားသလဲ”

အရာရာဟာ မိမိစိတ်ပါပဲ ...


ကုသိုလ်ဖြစ်စေတာလည်း မိမိစိတ်ဘဲ။

အကုသိုလ်ဖြစ်စေတာလည်း မိမိစိတ်ပါဘဲ။

မိမိစိတ်သာလျှင်လောကမှာ အရေးကြီးဆုံးပါ။


                                                                                                         MTLP (9.2.2012)