မူလစာမျက်နှာ

Wednesday, March 14, 2012

သင် သေသွားသော်


သြော် ... လူ့ပြည်လောက၊ လူ့ဘ၀ကာ
အိုရနာရ၊ သေရဦးမည် မှန်ပေသည်တည့်။
    သို့တပြီးကား သင်သေသွားသော်
    သင်ဖွားသောမြေ သင်တိုမြေသည်
    အခြေတိုးမြှင့် ကျန်ကောင်းသင့်၏။

သင်၏အမျိုးသား စာစကားလည်း  ကြီးပွားတိုးမြင့် ကျန်ကောင်းသင့်၏။
သင်ဦးချ၍ အမျှဝေရာ စေတီသာနှင့် သစ္စာအရောင်ဥာဏ်တန်ဆောင်လည်း
ပြောင်လျက်ဝင်းလျက် ကျန်စေသတည်း။
ဇော်ဂျီ ( ၁၉၃၅ ဒီဇင်ဘာလ အိုးဝေမဂ္ဂဇင်း)


ရိုသေစွာဖြင့်
Lwinpyin(14.3.2012)