မူလစာမျက်နှာ

Monday, July 23, 2012

ဒေါက်တာ အရှင်ဆေကိန္ဒ၏ (၃) ရက်တရားစခန်းအတွက် ဓာတ်ပုံမှတ်တမ်း

ပုဗ္ဗါရုံတောရ ဆေကိန္ဒာရာမကျောင်းတိုက်သည်  ပြင်စာဒေသ ပြင်ဦးလွင်မြို့နယ် မြေပုံကျေးရွာတွင် တည်ရှိပါသည်။ ဆေကိန္ဒာရာမကျောင်းတိုက်တွင် ရဟန်းသံဃာတော် (၅)ပါးနှင့် ကိုရင်ငယ်လေး (၁၂)ပါးတို့ သတင်းသုံးနေထိုင်လျက်ရှိပါသည်။ စတုထ္ထအကြိမ် တရားစခန်းကို ၁၃.၇.၂၀၁၂ မှ ၁၅.၇.၂၀၁၂ အထိ နှစ်ညအိပ် သုံးရက် တရားစခန်းအဖြစ် ကျင်းပပြုလုပ်ခဲ့ပါသည်။
ဆေကိန္ဒာရာမကျောင်းတိုက်ကြီးအတွင်းတွင် ခေတ်မီလှပသော နှစ်ထပ်ဆွမ်းစားဆောင်ကြီးလည်းရှိပါသည်။
သေသပ်လှပသော မန်းရွှေလီ သိမ်ကျောင်းတိုက်ကြီးလည်း ရှိပါသည်။ ဆရာတော် သတင်းသုံးသော ပီတိသုခကျောင်းဆောင် နှင့်  သံဃာတော်များ သတင်းသုံးနေထိုင်သော ကျောင်းဆောင်များစွာလည်း ရှိပါသည်။ ကျယ်ဝင်းလှသော နှစ်ထပ်ကျောင်း ဓမ္မာရုံကြီးလည်း ရှိပါသည်။ ထို့အပြင် အမျိုးသမီးယောဂီ (၁၅၀) ကျော်တို့ နေထိုင်နိုင်သော ကျောင်းဆောင် (၂) ဆောင် ရှိပါသည်။ ဓမ္မဒူတ ဒေါက်တာ အရှင်ဆေကိန္ဒ ၏ (၃) ရက်တရားစခန်းအတွက် ဓာတ်ပုံမှတ်တမ်းများအား သာသနာဒါယကာ ဒါယိကာမများအတွက် ဓမ္မဒါနအဖြစ် ကုသိုလ်ပြုအပ်ပါသည်။










































ဓမ္မဒူတ ဒေါက်တာအရှင်ဆေကိန္ဒ၏ (၃) ရက်တရားစခန်းအတွက် ဓာတ်ပုံမှတ်တမ်းများအား သာသနာဒါယကာ ဒါယိကာမများအတွက် ဓမ္မဒါနအဖြစ် ကုသိုလ်ပြုအပ်ပါသည်။

လာရောက်လည်ပတ်သွားတဲ့အတွက် အထူးကျေးဇူးတင်ရှိပါသည်။ 
ရိုသေစွာဖြင့် 
လွင်ပြင် (23.7.2012)