မူလစာမျက်နှာ

Monday, July 2, 2012

ကမ္ဘာအံ့ဖွယ်ရာ ရွှေကူတံကဲတော်ကြီး (ပခုက္ကူမြို့)

ကမ္ဘာအံ့ဖွယ်ရာ ရွှေကူတံကဲတော်ကြီးကို သက္ကရာဇ် ၁၂၆၉ ခု၊ တပေါင်းလပြည့်ကျော် (၃)ရက်နေ့တွင် လက္ခငွေပေါင်းဒင်္ဂါးပြား (၄၀၀၀) နှင့် (၄) နှစ်ကျော်ထုလုပ်ထားရပါသည်။

 ကမ္ဘာအံ့ဖွယ်ရာ ရွှေကူတံကဲတော်ကြီး

တံကဲ၏ထုထည်မှာ (၈) လက္ခရှိပြီး၊ ပန်း(၈) ထပ်နှင့်သစ်တုံး(၅) တုံးဖြင့် ပန်းရုပ်လုံးများ ဖော်ပြထားပါသည်။
ကမ္ဘာအံ့ထူးဖွယ်ရာ ရွှေကူတံကဲတော်ကြီးကို အဆင့် (၉) ဆင့်ဖြင့် ရုပ်လုံးဖော်ပြထားပါသည်။
မြန်မာ့ပန်းပုလက်ရာတွင် ထူးဆန်းဖွယ် လေးစားဖွယ်ပင်ဖြစ်ပါသည်။

သရုပ်ဖော်ထားသော ရွှေကူတံကဲဇာတ်ရုပ်ဖော်တို့မှာ ..... 

 ၁။  မြတ်စွာဘုရား ရွှေ၊ ငွေ၊ ပတ္တမြားအရောင်ခြားသည့် စောင်းတန်း (၃)သွယ်ဖြင့် တာဝတံသာမှ
      သင်္ကဿနဂိုရ်ပြည်သို့ ဆင်းတော်မူလာပုံ။


၂။  သင်္ကဿနဂိုရ်ပြည်မှာ မင်းပရိတ်သတ်အများ လက်ျာရံရှင်သာရိပုတ္တရာ၊    
     လက်ဝဲရံရှင်မဟာမောဂ္ဂလန်တို့ထံ ဘုရားသခင် ကြွလာမည့်ရက်မေးလျှောက်နေပုံ။


၃။ မတလိနတ်သား မြင်း (၃)ကောင်က ရထားဖြင့် နေမိမင်းကြီး တရားဟောတော်မူရန် နတ်ပြည်သို့ 
    ပင့်ဆောင်နေပုံ။
  

၎။ သာဓိန ဘုရင်မင်းမြတ်အား မြင်း(၃) ကောင်က ရထားဖြင့် တရားဟောတော်မူရန် နတ်ပြည်သို့   
    ပင့်ဆောင်သွားပုံ။ 


၅။ ဒေ၀ဒက်က အဇာတသက်အား အဖသတ်ပြီး  နန်းရပ်ထီးဖြူလုယူရန် အကြံပေးနေပုံ။

 
၆။ သားတော်အဇာတသတ်က ဖခမည်းတော် ဗိမ္မသာရမင်းမြတ်အား ရက်ရက်စက်စက်နန်းထက်မှ   
    ဆွဲချနေပုံ။


၇။ ဗိမ္မသာရမင်းမြတ်ကို ထောင်ထဲအစာငတ်ထားသောအခါ မိဖုရားကြီး  ဧ၀ဒေဟိက
    မြတဘက်အစာသုတ်၍ ဆက်သောအခါ ရှင်ဘုရားကြီး  မြတဘက် အသာစုပ်ယူပြီး
    အာဟာရလုပ်နေပုံ။


၈။ အာဏာသားတွေက အသနားမဖက်ဘဲ ခြေဖ၀ါးကို ဓားဟက်ပြီး ဆားပတ်နေပုံ။


၉။ အဇာတသတ်လဲ သားကလေးအချစ်စွဲပြီး ခမည်းတော်လွတ်စေလို့ သ၀င်္ဏလွှာရေးဆဲ
    ထောင်ထဲမှာ ဘုရင်မင်းမြတ် နတ်ရွာစံကံတော်ကုန်ပေါ့လို့ လျှောက်လွှာဆက်နေပုံတို့ဖြစ်ပါသည်။



တံကဲလက်ရာကို ပခုက္ကူမြို့ ဈေးဟောင်းရပ် ဆရာဦးကံကြီးနှင့် သား- မောင်တေ မှ ထုလုပ်ပြီး
တံကဲအလှူရှင်ကတော့ ပခုက္ကူမြို့ ဈေးဟောင်းရပ် ကျောင်းအစ်မကြီးဒေါ်ဇီး (ဆီး) မှ လှူဒါန်းပူဇော်ပါသည်။
ကမ္ဘာအံ့ဖွယ်ရာ ရွှေကူတံကဲတော်ကြီးကို သက္ကရာဇ် ၁၂၆၉ ခုကတည်းက ထုလုပ်ခဲ့သော်လည်း ယခုအထိ လှပခိုင်ခန့်စွာ တည်ရှိနေမြဲဖြစ်ပါသည်။ ထိုတံကဲတော်ကြီးမှာ အမှတ် (၉) ရပ်ကွက် ဗိုလ်ချုပ်လမ်းမကြီး 
ဘေးတွင် တည်ရှိပါသည်။ အလွန်လက်ရာမြောက်လှသော တံကဲတော်ကြီးကို လာရောက်ဖူးမြော် ပူဇော်နိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ပါတယ်ရှင်။


♣☺☺မေတ္တာဖြန်း၍ လန်းဆန်းကြပါစေ☺☺♣  


စာဖတ်သူအပေါင်း ရွှင်လန်းချမ်းမြေ့ပါစေရှင်...
လွင်ပြင်
                     

No comments:

Post a Comment