မူလစာမျက်နှာ

Tuesday, July 3, 2012

လောကဓံ

လူတစ်ခု ပူမှုရယ်တဲ့ ဆယ်ကုဋေတဲ့
လောကရဲ့ ဥပမာတစ်ခုပါ။

လောကကြီးထဲ အသက်ရှင်နေထေိုင်နေရရင်
တစ်ခါတစ်ခါ ပူလောင်မှု့ ဒဏ်တွေရှိနေမယ်။
တစ်ခါတစ်ခါ အေးမြမှုလေး တွေရှိနေမယ်။

ပူလောင်မှု့ ဒဏ်တွေကို ခံစားရတဲ့ အခါ
ဆင်းရဲနေတတ်တာလူတိုင်းသိကြတယ်။
ဒါကိုအဓိပ္ပါယ်ဖွင့်ရင် အဆိုးလောကဓံတဲ့...

အေးမြမှု့လေးတွေကို ခံစားရတဲ့ အခါ
ချမ်းသာနေတတ်တာလည်း လူတိုင်းသိကြတယ်။
ဒါကိုအဓိပ္ပါယ်ဖွင့်ရင် အကောင်းလောကဓံတဲ့...

လောကကြီးနဲ့ ဆက်ဆံနေတဲ့အခိုက်အတန့်မှာ
လောကရဲ့ဒဏ်ရာ၊ ဒဏ်ချက်တွေကို ငြင်းဆန်ဖို့
အခွင့်အရေး မရှိပါဘူး....

အဆိုးလောကဓံနဲ့ ကြုံကြုံ၊
အကောင်းလောကဓံနဲ့ တွေ့တွေ့
ဒါကိုခံစားတဲ့ ဝေဒနာတွေဟာ
ကြာရှည် မြဲမြံမှု့မရှိဘူးဆိုတာ
သတိထားပါများရင်သိလာမယ်.....

ဒါဆို အဆိုးလာလည်း သတိနဲ့
အကောင်းလာလည်း သတိနဲ့
ရင်ဆိုင်တတ်လာမယ်....

သတိနဲ့ရင်ဆိုင်တတ်လာတော့
ကောင်းကောင်း၊ ဆိုးဆိုး...
သဘောတရား၊ တရားသဘောအတိုင်း
လက်ခံနိုင်လာမယ်လေ....

ကိုမောင်မောင် (ဗုဒ္ဓဟောကြား မြတ်တရား) မှ ကူးယူဖော်ပြပါသည်။

No comments:

Post a Comment