မူလစာမျက်နှာ

Tuesday, July 3, 2012

ကြိုး

ကြိုးဆိုတဲ့ သဘောက
ရစ်ပတ်တတ်တယ်၊
ချည်နှောင်တတ်တယ်
ခိုင်မြဲတတ်တယ်၊
တင်းကျပ်၊ နှောင်ဖွဲ့တတ်တဲ့
သဘောတွေပါတယ်။

လောကမှာ
ရုပ်ပိုင်းဆိုင်ရာမြင်ရတဲ့ ကြိုး နဲ့
မမြင်ရတဲ့ ကြိုးတွေဆိုတာရှိပါတယ်။

မြင်ရတဲ့ ကြိုးတွေဆိုတာကတော့
ရာသီဥတုဒဏ်၊ တစ်စုံတစ်ဦးကြောင့်
အကြောင်းတစ်စုံတရာကြောင့်
ပျက်စီး၊ ပြေလျော့သွားနိုင်ပါသေးတယ်။

မမြင်ရတဲ့ သံယောဇဉ်နှောင်ဖွဲ့မှုကြိုး
သားပေါ်ချည်တဲ့ကြိုး၊
သမီးပေါ်ချည်တဲ့ကြိုး
ခင်ပွန်းပေါ်ချည်တဲ့ကြိုး၊
ဇနီးမယားပေါ်ချည်တဲ့ကြိုး
ဆွေမျိုးတွေကိုချည်တဲ့ကြိုး
မိသားစုပေါ်ချည်တဲ့ကြိုး၊
ပစ္စည်းပေါ်ချည်တဲ့ ကြိုး၊
ဂုဏ်ပေါ်ချည်တဲ့ကြိုး၊
ငါပေါ်ချည်တဲ့ ကြိုး၊
ချည်မိချည်ရာ ချည်ထားမိတဲ့ကြိုးတွေကတော့
ကိုယ်ချည်ထားတဲ့ ကြိုး ကိုယ်မဖြည်သရွှေ့
ဘယ်တော့ပြေလျော့နိုင်မှာလည်း…..
ဘယ်တော့များမှ ပျက်စီးနိုင်မှာလည်းလေ….

ချည်ထားတဲ့ ကြိုးကြီးရင် ကြီးသလောက်
ပူလောင်ရမှာဘဲ၊ သောကရောက်ရမှာဘဲ၊
စိုးရိမ်ရမှာဘဲ၊ ပူဆွေးရမှာဘဲ၊ မျက်ရည်ပေါက်
ကြီးငယ်ကျမှာဘဲ၊ ၀မ်းနည်းရမှာဘဲမဟုတ်လား....

ကိုယ်ကြိုးကိုယ် ချည်ထားသမို့
ကိုယ့်ကြိုးကိုယ် ဖြည်နိုင်ကြပါစေ…

ကိုမောင်မောင် (ဗုဒ္ဓဟောကြားမြတ်တရား) မှကူးယူဖော်ပြပါသည်။

No comments:

Post a Comment