မူလစာမျက်နှာ

Monday, January 14, 2013

ကံ၊ ကံ၏အကျိုး

ဆိုးတာပြုတာ ဆိုးတာရ၊
ကောင်းမှ ကောင်းစားမည်။
ဆိုးကောင်းနှစ်တန် ကံစီမံ
ခံ စံကြရမည်။
သူ့ကိုသတ်ဖြတ် သတ်တိုတက်
မသက် အသက်ရှည်။
ညည်းဆဲသူက အနာများ
သနား ကျန်းမာမည်။
ဒေါသမီးလျှံ၊ အကျည်းတန်
သည်းခံလှပသည်။
မနာလိုမှာ ခြွေရံကွာ
ကြည်သာ ခြေရံစည်။
မပေးလှူက မွဲပြာကျ
လှူမှ ပေါကြွယ်သည်။


No comments:

Post a Comment